Monday, November 19, 2007

I would prefer to die than being a Burmese soldiIer!!

ဘီဘီစီ “ငပွကြီး”မဟုတ် အစစ်အမှန်“ငပွကြီး”သန်းရွှေဟုပြော၍ စစ်သည်တဦး သေဒဏ်ချမှတ်ခံရ

11/18/2007

ခိုင်မင်းမူ(နိရဉ္စရာ)
စစ်တွေအခြေစိုက် ထောက်ပံ့ပို့ဆောင်ရေးတပ်ရင်းမှ စစ်သည်တဦးက မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေမှုများမှာ သန်းရွှေ“ငပွကြီး”ကြောင့် ဖြစ်သည်ဟု ပြောကြားခြင်းကြောင့် မကြာသေးမီက သေဒဏ်အပြစ်ပေးခံရကြောင်း သတင်းရရှိသည်။

အဆိုပါ သေဒါဏ်အချခံရသူမှာ စစ်တွေအခြေစိုက် အမှတ် (၈၂၈) ထောက်ပံ့ပို့ဆောင်ရေး တပ်ရင်းမှ တပ်ကြပ်အောင်နိုင်ဖြစ်သည်။

တပ်ကြပ်အောင်နိုင်မှာ ယခင်က အန်အလ်ဒီပါတီ၏ လုပ်ရပ်များကို ထောက်ခံအားပေး မှုကြောင့် တပ်တွင်းအချုပ် နှစ်ကြိမ်ကျခံဖူးသူဖြစ်ပြီး ရာထူးအချခံထားရသူဖြစ်ကြောင်း သိရှိရသည်။

ယခုဖြစ်စဉ်နှင့်ပတ်သတ်ပြီး အဆိုပါတပ်ရင်းမှ အမည်မဖော်လိုသူ စစ်သည်တဦးက “ဆန္ဒပြတာတွေ ဖြစ်ကတည်းက တပ်ရင်းမှုက အရာရှိစစ်သည်အားလုံးကို ခဏခဏတန်းစီပြီး ဘီဘီစီနဲ့တခြားသတင်းဌာနတွေက သန်းရေ“ငပွကြီး”လုပ်ထားတာကြောင့် တိုင်းပြည် အခုလိုဖြစ်နေတာဟု မဟုတ်တာတွေလျောက်ပြောနေတယ်ဟု တပ်ရင်းမှူးကပြောပါတယ်၊ အဲလိုပြောအပြီးမှာ သန်းရွှေ“ငပွကြီး”လုပ်တာတွေကို ကမ္ဘာကသိအောင် ဘီဘီစီ-ဗွီအိုအေ တို့က ဖြစ်ရပ်မှန် သတင်းတွေ လွှင့်ပေးနေတာပါလို့ ဆရာအောင်နိုင်က ပြောပါတယ်၊ အဲဒီလိုပြောတာနဲ့ သူ့ကို ချက်ချင်းဖမ်းယူ သွားပါတယ်ဟ”နိရဉ္စရာသို့ပြောသည်။

တပ်ကြပ်အောင်နိုင်၏ ဖြစ်စဉ်များမှာ တပ်ရင်းတည်မြဲအမိန့်များအရ ထူးခြားဖြစ်စဉ်၌ အကျုံး ၀င်၍ (၂၄)နာရီအတွင်း သက်ဆိုင်ရာ ကွပ်ကဲမှူး စစ်ဌာနချုပ်များသို့ ကြေးနန်းပို့ရပြီး စစ်သည်တရားခံအား တပတ်အတွင်း တိုင်းစစ်ဌာနချုပ်သို့ အရောက်ပို့ရကြောင်း စစ်ဥပဒေနှင့်စည်းကမ်းဆိုင်ရာ တပ်ကြပ်ကြီး စာရေးတဦးကဆိုသည်။

အဆိုပါ စစ်သည်မှာ တပ်မတော် အက်ဥပဒေအရ တပ်တွင်းအချုပ်ဖြင့် ပြီးဆုံးနိုင်သော်လည်း နည်းဥပဒေဖြင့် တရားစွဲခံရသောကြောင့် သေဒဏ်ချမှတ်ခံရခြင်းဖြစ်ပြီး သေဒဏ်အမိန့်ကို စစ်ဥပဒေချုပ်ရုံးမှ အထူးစစ်ခုံရုံးဖွဲ့၍ ကာကွယ်ရေးဦးစီးချုပ်မှ ချမှတ်ရကြောင်းနှင့် အလားတူ ဖြစ်စဉ်များ နောက်ထပ်ဖြစ်ပွားမှုမရှိစေရန် တပ်ရင်းတပ်ဖွဲ့များသို့ အမိန့်ညွှန်ကြားစာများဖြင့် အကြောင်းကြားထားပြီဖြစ်ကြောင်းကို ၎င်းမှဆက်လက်ပြောကြားသည်။

တပ်ကြပ်အောင်နိုင်၏ စစ်သည်တဦး ရပိုင်ခွင့်အားလုံးအား တပ်မတော်ဘဏ္ဍာအဖြစ် သိမ်းယူသွားပြီး ကျန်ရစ်သူမိသားစုအား မိမိနေရပ်သို့ ပြန်ပို့လိုက်ကြောင်း စုံစမ်းသိရှိရသည်။ ( I copied from Narinjara News Agency. Sorry for not asking permission)

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home