Sunday, December 2, 2007

Articles from Moe Thee Zon's website

This is from Moe Thee Zon's website!! Sorry to those who don't know how to read Burmese!!

ကြေးစည်သံကြားတော့ ခွေးတွေ အူကြခြင်း

ရုပ်ရှင်ကောင်စီ ထဲ မှာ နအဖ လူတွေရှိတယ်။ သူတို့ ထဲမှာ သိန်းထွန်းအောင်၊ မလိခ နဲ့  မြင့်သိန်းဖေ တို့  က နအဖ အလို ကျ ရုပ်ရှင်ကောင်စီက ဒေါ်အောင်ဆန်းစုကြည် ကြေညာချက်ကို ရူတ်ချတဲ့ ကြေညာချက်ထုတ် ပြီး နို့ တစ် ဘုတ်မှာ ကပ်ထားတယ်လို့ သိရတယ်။ ကြခတ်ဝိုင်း ဖုန်းကြီးကလည်း သာသန အရည်ခြုံ ပြီး စဏကျ နိတိ ( ဟင်ဒီအဘိဓမာဆရာတဦးရဲ့ လောကအမြင် ) တွေ ကို ဟောခဲ့တယ်။ အကြွင်းမထားရ တရားတွေ ဟောခဲ့တယ်။ ( ရန်ကြွင်း၊ မီးကြွင်း၊ ကြွေးကြွင်း ) ဒါတွေက ဘုရားမဟောခဲဘူး။ ဘုန်းကြီးကပြောတော့ ဘုရားဟောလိုလိုဘာလိုသူကခတ်တည်တည်နဲ့လိမ့်ထားတယ်။ကျနော်ကနာခံမူကိုဆန်းစစ်ခြင်းဆိုတဲ့စာအုပ်မှာ ဒီပြသာနာကို ဆွေးနွေးတင်ပြထားပါတယ်။ ရွက်မွန် ဘလောက်နဲ့  မဇိမ မှာ ဒေါင်းလုပ်ရနိင်ပါတယ်။ )
ဒေါ်အောင်ဆန်စု ကြည်ကို ဟိုမိန်းမက ချနေပြီဆို ပြီး မင်းတို့  ဘာလုပ်နေတာလည်း မြန်မြန် သတ်တော့ ဆိုတဲ့ပုံစံမျိုး အားပေးအားမြောက်လုပ်ခဲ့ပါတယ်။ လက်နက်ချအညံခံထားတဲ့ တိုင်းရင်းသားအဖွဲ့ အချို့ က ဒေါ်အောင်ဆန်းစုကြည်ရဲ့  ကြေညာချက်ကို မထောက်ခံပါဘူး ဆိုပြီး ၀ိုင်းကန့် ကွက်တဲ့စာတွေ ထုတ်ခဲ့ပါတယ်။

ဒါတွေ ကို နအဖ ဖိအားပေးလို့ လုပ်ခဲ့ရတာပါ လို့  ဆင်ခြင်ပေးတဲ့သူကပေးပါတယ်။ကိုယ်တိုင်လိုလိုလားလားလုပ်တဲ့သူတွေလည်း ရှိပါတယ်။ ဥပမာ သိန်းထွန်းအောင်၊ မလိခ၊ နဲ့ မြင့်သိန်းဖေ နဲ့ ကြခတ်ဝိုင်းဘုန်းကြီးတို့ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်က ဘာနဲ့ တူနေသလည်း ဆိုတော့ ကြေးစည်သံကြားတော့ သူတော်ကောင်းတွေ က ကောင်းမူကုသိုလ်တခုတော့လူသားပြုနေပြီဆိုပြီးသာဓုခေါ်ကြတယ်။ခွေးတွေကတော့အူလိုက်သည်းလိုက်ဖြစ်လာပြီး အူကြရတဲ့ဖြစ်ရပ် မျိုးပါပဲ။ လူနဲ့ တိရစန် ခြားနားချက်ကတော့ အသိညဏ်ပဲလို့  ဒသနိက ဆရာတွေက ဆို ကြတယ်။ မြန်မာပြည်မှာတော့လူနဲ့ ခွေး နဲ့ ခြားနားချက်ဟာ ကြေးစည်သံလို ဆိုရမှာပေါ့၊၊ ကောင်းမူကိုလူကသာဓုခေါ်နိင်တယ်၊၊ ခွေးကမခေါ်နိင်ဘူး။ ဒီတော့ အူတယ်။ ထူးခြားတာကတော့ တချို့ ခွေးတွေက လူယောင်ဆောင်ထားကြတယ်။ သူများ ဘလောက်တွေ မှာနာမည်ဝှက်တွေ ၊ ဆဲစာတွေကို ရေးပြီး အူခြင် ဟောင်ခြင်တဲ့စိတ်ကို ဖြေ သိမ့်ပေးနေရတယ်။ ဒီခွေးတွေ နဲ့  ခွေးအစစ်ရဲ့ ခြားနားချက်ကတော့ ဒီတွေ
IP Address တွေရှိနေခြင်းဖြစ်ပါတယ်။ ခွေးဆိုတော့ ကြေးစည်သံကြားရင် သာဓုခေါ်ရမှန်းမသိပဲ အူခြင်စိတ်ကများနေတော့ ကိုယ် IP Address တွေ ပေါ်နေမှန်းမသိကြရှာဘူး၊၊

အစအဆုံး..ကြည့်ချင် ရင်…..

ဒေါ်ကြိုင်ကြိုင် ယကြာယာချေ ခြင်း

နအဖ ၊ အောက်လမ်း ဆရာများ နဲ့ လွတ်မြောက်ရေး ဂါထာ

နိုဝင်ဘာ ၁၈ ရက်နေ့ ညသန်းခေါင်ယံ၊ ရွေ တိဂုံ ဘုရား ပေါ်မှာ ဒေါ်ကြိုင်ကြိုင်လာရောက်ပြီး
ယတတြာချေတယ်လို့ သတင်းရရှိပါတယ်။ ၀က်တကောင်၊ခွေးတကောင်ကို ဆွဲ ပြီး
ဘုရားကို တပတ်လှည့် သွားတာလို့  အမည်မဖေါ်လိုတဲ့ ဂေါ်ပက လူကြီးတဦးက ထုတ်ဖေါ်ပြောဆိုပါတယ်။ ဒီလို ယနကြာကိုချေပေးတဲ့ ဘိုးတော်က တော့ ကလောမြို့ ကနေခေါ်လာတာလို့ သိရပါတယ်။ သူကို အရှေ့ ပိုင်းတိုင်းတိုင်းမှုး ကိုယ်တိုင်ခေါ်ယူလာပေးတာလို့ သိရပါတယ်။ ဒီသတင်းကို ကြည့် ရင် ရီစရာတော့ကောင်းတယ်။ကလေးကလားဆန်တယ်လို့မိတ်ဆွေတွေးကောင်းတွေးမိနိင်ပါတယ်။ ဒါပေမဲ့ ဒီသတင်းနဲ့  ဖြစ်ရပ်တွေဟာ အာဏာရ နအဖ စစ်ခေါင်းဆောင်တွေထဲမှာ အူလိုက်သည်းလိုက်ယုံကြည်နေတဲ့ လုပ်ဆောင်နေတဲ့ဖြစ်ရပ်တွေ ပါ။ ဒီလိုအရူးထမူတွေဟာ သန်းရွေ စစ်အုပ်စုရဲ့ ဆရာ ကြီးဖြစ်တဲ့ နေ၀င်းလက်ထက်ကတည်းကစခဲ့တာပါ။ သူရဲ့ လက်စွဲ ကတော့ ဆရာမြိုင်ဆိုတဲ့ စုန်းကဝေ ဆရာကြီး ဖြစ်ပါတယ်။ ပြည်သူတွေကို ဒုကပေါင်းစုံ ရောက်အောင် နေ၀င်း အာဏာတည်မြဲ သထက်တည်မြဲအောင်
အောက်လမ်းနည်းလမ်းပေါင်းစုံကိုသုံးပြီး အကျိုးပြုခဲ့သူတဦး ဖြစ်ခဲ့တယ်။ မြန်မာ ပြည်မှာလူထု အုံကြွမူတွေ ဖြစ်ပြီး နေ၀င်း ပြုတ်တော့မှာကို ဆရာမြိုင်က ယတကြာချေပေးတဲ့အနေနဲ့  ထိုင်းနိင်ငံကို နေ၀င်း ကိုယ်တိုင်သွားပြီး ဘုရားတဆူလူခဲ့ပါသေးတယ်။ ဘုရားအောက်မှာ အင်းကွက်တွေရေးခဲ့တယ်လို့ဆိုပါတယ်။
ထိုင်း နိင်ငံဆိုတာကလည်း ဗေဒင်တို့ ယနတြာယာတို့ ကို အင်မတန်မှာ ယုံတဲ့သူတွေပါ။
နေ၀င်းယတကြာချေတဲ့ဘုရားအကြောင်းကိုသူတို့ သိတော့ ဘုရားကို မြန်မာ ပြည်ထဲ
ပြန်လာပြီးလွတ်ပြစ်တယ်လို့ သံတမာန် အတင်းစကားတွေ ကို ကျနော်တို့ တကသိုလ်ကျောင်းသားဘ၀က ကြားခဲ့ဘူးတယ်။ နောက်ဆုံးတော့ ၈လေးလုံးဆိုတဲ့ မဟာ လူထု တန်ခိုးတော်အောက်မှာ နေ၀င်းလည်း ပြုတ်။ မဆလလည်း သမိုင်းအမူက်ခြင်းထဲ ရောက်ဆရာမြိုင်လည်း ဆရာကွိုင် ဖြစ်ခဲ့ရပါတယ်။ ဒီတုံးက လူထုတွေ ရွတ်ဆိုခဲ့တဲ့ ဂါထာကတော့ ရှင်းရှင်းလေးပါပဲ
ဒီမိုကရေစီရရှိရေး- ဒို့ အရေး
တပါတီစနစ်ဖျက်သိမ်းရေး - ဒို့ အရေး
နောက်ခင်ညွန့်  တန်ခိုးထွားစဉ်က ဘိုးတော်သန်းလှ ( ခ) တလမ်းသွား (ခ) တိမ်းကြားမင်းခေါင်း ဟာ လည်း ခင်ညွန့် ရဲ့ အလွန် ယုံကြည်နေတဲ့ ဘိုးတော်တဦးဖြစ်ခဲ့ဘူးတယ်။ သူအကြံပေးချက်နဲ့ပဲ ခင်ညွန်ဟာ အဘရာလာဘမုနိဘုရားကိုတည်လိုတည် ရွေတိဂုံဘုရားကို ရှမ်းဘောင်းဘီဝတ်ပြီးတက်လိုတက် နဲ့  သောက်လုပ်တော်တော်ရူပ်ခဲ့ပါတယ်။ သူအာဏာရခဲ့တဲ့ ၁၀ နစ်ကျော် ၁၅ နစ်နီးပါးကို ဘုရားတည်လိုက်။ သောက်ရေးမပါတဲ့အလုပ်တွေနဲ့  အချိန်ဖြန်းခဲ့တယ်။ လူထုအတွက်လိုအပ်နေတဲ့ လွတ်လပ်မူ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲပြီးဒီမိုကရေစီပြုပြင်ပြောင်းလဲမူလုပ်ငန်းတွေ ?လူသားအရင်းမြစ်ဖွင့်ဖြိုးမူ အစီအစဉ်တွေ နိင်ငံတော်အတွက်လိုအပ်နေတဲ့ အခြေခံအဆောက်အအုံတွေကို ဘာတခုမှာမယ်မယ်ရရ အကောင်ထည်မဖေါ်နိင်ခဲ ပါဘူး။ အယူမှားမူတွေရဲ့ရလပ်ကတော့ရာသက်ပန်ထောင်နန်းစံရခြင်းပဲဖြစ်ပါတယ်။ အခုတခါကတော့ သန်းရွေ အလှည့် ကျလာပြန်ပြီ။ သူမိန်းမ ဒေါ်ကြိုင်ကြိုင်ဟာ အောက်လမ်းဆရာ တဦးကိုခေါ်ပြီး သမိုင်းဝင်ရွေတိဂုံဘုရားကြီးပေါ်မှာ ပေါက်ကရရှစ်ဆယ်တွေ ကိုလုပ်နေပြန်ပြီ။ သမိုင်းနဲ့ လူထုရဲ့ ဒဏ်ခတ်မူကို မလွဲမသွေခံရပါဦးမယ်။ လူထုအတွက် အောင်ပွဲ ကိုရစေမဲ့  ဂါထာကတော့ ငါတို့ တိုက်တယ်။ ငါတို့ နိင်တယ် ဆိုတဲ့ ဂါထာသာဖြစ်တော်မူပါကြောင်း သတင်းကောင်းပါးပါရစေ။

မိုးသီး


0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home